တင်ပေးလိုက်ပါတယ်..ဝေဖန်ရေးလုပ်ပေးကြပ့ါဦးလို့သာ…။
ငရဲ ရှိသည်ကို အတည်ပြုကြပြီ…
မတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။
ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်
အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီး
အသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။
ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။
ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။
ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်
်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။
သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။
တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက
1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။
ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။
အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။
ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက်
ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့စာပါပဲ။
သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။
စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ
နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။
ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် မိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ
အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။
ကျမ်းည္မန်း။ ။အကုသိုလ်နှင့် ငရဲပြည်ဟူသော စာအုပ်မှ ဘာသာပြန်သူ ဘကြီးဇင် ရေးသားသော စာအုပ်မှဖြစ်ပါသည်။
လွမ်းခြင်း၏ တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။မှတ်ချက်။ ။ ဒါကတော့ မေလ်းထဲက တွေ့ တာပေါ့နော်။ အသံဖိုင်ပါတယ်ခင်ဗျ။ ပို့ ပေးတဲ့ သူက အသံဖိုင် အတိုလေးပဲ ပို့ ပေးတာပါတဲ့ ။ အောက်မှာ ဖတ်ကြည့် ပါ။ ကျွန်တော် မူရင်း အတိုင်း ပြန်တင်ပေးထားတာပါခင်ဗျ။ အသံဖိုင် ပို့လိုက်ပါတယ် ….
အသံဖိုင်က သိပ်မရှည်ပါဘူး … တိုတိုလေးပါ …
၁ မိနစ်နီးပါးလောက်ပဲကြာပါတယ် …
ရေဒီယို ထုတ်လွင့်ချက်က အသံကို ပြန်ကူးထားတာပါ …
ကျွန်တော့်အသိတစ်ယောက်ဆီမှာတော့ မူရင်းအသံဖိုင်ရှိပါတယ် … အသံက ၁၀ မိနစ်လောက်ကြာတယ်လို့ ပြောပါတယ် …
ကျွန်တော်လည်း သူ့ဆီက ဖိုင်ကို လိုချင်ပါတယ် …
၁၀ မိနစ်လောက်ဆိုတော့ သေသေချာချာ နားထောင် သုံးသပ်လို့ရနိုင်ပါတယ် …
ခက်တာက ကျွန်တော်လည်း အဲဒီအသိနဲ့ မတွေ့တော့ဘူး …
အင်တာနက်မှာလည်း မူရင်းအသံဖိုင် လုံးဝရှာလို့မရဘူး ….
ကျွန်တော် ကြိုးစာရှာကြည့် ပေမယ့်လည်း အခုကျွန်တော်ပို့တဲ့ ဟာလိုမျိုး အသံဖိုင် အတိုပဲ ရှာလို့ရပါတယ် ၊ အသံဖိုင် အရှည်များ ရှာလို့ရရင် ပြန်ဝေမျှကြပါဦး …
အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ် …
၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် …
အသံတွေကတော့ လုံးထွေးနေပါတယ် … နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ် …
အမျိုးသမီးအော်ဟစ်နေတဲ့အသံကိုတော့ တစ်ချက်တစ်ချက်ကြားရပါတယ် …
ပြီးတော့ အသံဟိန်းဟိန်းနဲ့ ရယ်နေတဲ့အသံကိုလည်း ကြားရပါတယ် ..
ကျွန်တော်ကတော့ အဲဒီ ရယ်နေတဲ့အသံကို ငရဲသား က ရယ်နေတယ်လို့ထင်တာပဲ …
နားထောင်ကြည့်ကြပါ ….
အသံဖိုင်ကိုတော့  အောက်ပါလင့်မှာ ဒေါင်းပါ။
http://centralupload.com/files/17095_osxw1/Siberian%20hell%20sound.mp3
မူရင်းဆိုက်ဒ် eainmatthanzin.com








မိုးဟေကိုက “ရှမ်းပဲပုပ်” ဆိုတဲ့ ဇာတ် ကားကို နေမင်း နဲ့ ရိုက်ကူးနေပြီး ဒါရိုက်တာ ကတော့ နေပိုင် ဖြစ်ပါတယ်။ ဇာတ်ကားတွေ ပုံမှန် ရိုက်ကူးနေတဲ့ မိုးဟေကို က အလုပ် တစ်ခု လုပ်ရင် တိကျပြတ်သားပြီး အချိန်ကိုလေးစား ခြင်းက ဘယ်အလုပ်ကို မဆို ကိုယ့်အတွက် အ ထောက်အကူ အများကြီး ဖြစ်စေတယ်လို့ ဆိုပါတယ်။